Monday, March 19, 2012

Why You Need To Read ?



စာမဖတ်သူအကန်းနဲ့တူ
စာမဖတ်သူအကန်းနဲ့တူဒီနေ့ကမျက်မမြင်ကောင်လေးတစ်ယောက် ကျောင်းစတက်တဲ့နေ့ပါ။ စာသင်ခန်းထဲမှာသူ့ကိုတခြားကျောင်းသားတွေက မြင်တော့တအံ့တသြနဲ့ဆရာမကို “ သူမှမျက်စိမမြင်ရတာ စာဘယ်လိုသင်ယူမှာလဲ “ လို့မေးကြတယ်။” စာမဖတ်တဲ့သူသာ အကန်း ဖြစ်တယ်၊ ငါတို့ကျောင်းသားသစ်လေးက သူ့လက်နဲ့စာဖတ်လို့ရတယ်၊ သူ့မှာလက်နဲ့စမ်းပြီးဖတ်လို့ရအောင် စာလုံးတွေနဲ့အထူးပြုလုပ်ထားတဲ့ စာအုပ်တွေရှိတယ် “ လို့ဆရာမက ရှင်းပြတယ်။အစပိုင်းမှာတော့ အတန်းဖော်တွေက သူ့ကိုစကြနောက်ကြပြောင်ကြတယ်။ ဒါပေမဲ့သူက ဘာမှပြန်မတုံ့ပြန်ဘူး။ သူကဆရာမ သင်ပြတာကို တစ်ခါကြားရုံနဲ့ အလုံးစုံကိုမှတ်မိတယ်။ မကြာခင်မှာ အတန်းဖော်တွေက သူတို့အိမ်စာတွေကို ကူညီဖြေရှင်းပေးဖို့ အစပြုပြီးမေးလာကြတယ်။ မျက်မမြင်ကောင်လေးဟာ သူ့ရဲ့အားလက်ချိန်တွေကို စာဖတ်ခြင်းနဲ့အချိန်ကုန်လွန်စေတယ်။ ဆရာမ ကလဲ မျက်မမြင်ဖတ်တဲ့စာတွေ များနိုင်သလောက်များများ ရေးပေးတယ်။ တခါတရံအသံထွက်ပြီးဖတ်ပြပေးတယ်။ ပြီးတော့အတူ တကွစာအကြောင်းဆွေးနွေးကြတယ်။ တစ်နေ့ အတန်းထဲမှာ ဆရာမစာသင်နေရင်းနဲ့ နှလုံးထဲကနာကြင်တဲ့ဝေဒနာ ခံစားရပြီး သူ့ရဲ့ထိုင်ခုံပေါ်ကို ထိုင်ရက်သားဖြေးဖြေး လေးလဲကျသွားတယ်။ နာကြင်မှုကပျောက်မသွားဘူး၊ ဒါပေမဲ့ ဆရာမက ကြိတ်မှိတ်ခံစားရင်း အတန်းချိန်ပြီးဆုံးတဲ့အထိ နေသွား တယ်။ ဒါကိုဘယ်သူမှ ဂရုမပြုမိကြဘူး။ ရုတ်တရက် မျက်မမြင်ကောင်လေးက ထပြီးငိုတယ်။ “ ငါတို့ရဲ့ဆရာမကောင်းကောင်း နေမကောင်းဘူး၊ ငါတို့ဆရာဝန်ချက်ခြင်းခေါ်မှဖြစ်မယ် “ လို့ပြောလိုက်တယ်။ကျောင်းသားတွေဟာ သူတို့ရဲ့ထိုင်ခုံတွေပေါ်မှာတက်ပြီး မတ်တပ်ရပ်နေကြတယ်။ ဆရာဝန်ရောက်လာပြီး ဆရာမကိုလူနာတင်စင် ပေါ်တင်ပြီး ဆေးရုံကိုခေါ်သွားတယ်။ “ မင်းကဆရာမနေမကောင်းဘူးလို့ ဘယ်လိုလုပ်သိတာလဲ “ လို့ကလေးတွေက မျက်စိမမြင် တဲ့ကောင်လေးကို တအံ့တသြ မေးကြတယ်။ “ ဆရာမအသံတွေတုံနေတယ်၊ စာသင်နေရင်းနဲ့ စာပိုဒ်အလယ်မှာရပ်သွားပြီး ဆက်မတက်တော့ ငါသိလိုက်တာပေါ့ “ ဒါနဲ့တစ်ယောက်က “ ဒါဆို မင်းမြင်ရတာပေါ့ “ လို့မေးလိုက်တယ်။ “ ငါမမြင်ရပါဘူးကွာ၊ ဒါပေမဲ့ တွေးတောခံစားလို့ရတယ်၊ “ “ မင်းမမြင်ရပဲဘယ်လိုလုပ် ခံစားရတာလဲ “ “ စာအုပ်တွေက ခံစားနိုင်အောင် သင်ပေးခဲ့တာ ပေါ့ “ လို့မျက်မမြင်ကောင်လေးက ရှင်းပြတယ်။ “ မင်းတို့ဆရာမပြောပြတာ မှတ်မိလား၊ စာများများဖတ်တဲ့သူဟာ စဉ်းစားတွေး ခေါ်မြှော်မြင်ဥာဏ်ကြီးမားတယ် သူတစ်ပါးကိုခံစားနားလည်ပေးနိုင်တယ၊် ပညာရှိဖြစ်တယ်၊ ပညာရှိတွေးကြည့် ပြေးကြည့်တာ ထက်မှန်တယ် တဲ့၊ ဒါကြောင့်စာများများဖတ်ကြဖို့တိုက်တွန်းခဲ့တာ၊ စာမဖတ်ရင်သာအကန်းနဲ့တူတာ “ လို့ပြောလိုက်တယ်။What do books teach us by A.Lopatina & M. skrebtsova ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။ 

အကျိုးပေးကောင်းချင်လျှင် စာဖတ်ပါ

ကမ္ဘာ့ပညာရပ်အားလုံးသည် ယေဘုယျအားဖြင့် စာအုပ်များထဲတွင် ရှိကြသည်။ မည်သူတစ်ဦး တစ်ယောက်မျှ
အသစ်အသစ် ထွက်ပေါ်လာသော စာအုပ်များအားလုံးဖတ်နိုင်သည် မဟုတ်ပါ။ သို့သော် များများဖတ်နိုင်လျှင်
မှန်ကန်၍ အသုံး ၀င်သော အသိပညာများ တိုးပွားကြွယ်ဝလာမည်မှာ အမှန်ဖြစ်သည်။

စာအုပ်များသည် မိတ်ဆွေကောင်းများ ဖြစ်ကြ၏။ သင့်အနေဖြင့် ပျင်းရိငြီးငွေ့ဖွယ်၊ စိတ်ပျက်ဖွယ်ကောင်းသော
နေ့မျိုး တွင် သင်၏ စိတ်ကြိုက်စာရေးဆရာ၏ စာအုပ်ကို ငှားဖတ်ပါ။ ထိုအခါ သူသည် သင်နှင့်အတူ စွန့်စားမှု
များ၊ အချစ်ကိစ္စများ သို့ မဟုတ် သူဖော်ပြသော သတ္တိကောင်း ယောက်ျားမိန်းမများ၏ ဇာတ်လမ်းနှင့် စိတ်ဝင်စား
ဖွယ် အကြောင်းအရာများကို တွေ့ရ လိမ့်မည်။ စာအုပ်များတွင် သင့်အနေနှင့် ဖျော်ဖြေမှုကို တွေ့နိုင်သည်။

တစ်ခါတစ်ရံ စိတ်ဝင်စားဖွယ်များကို တွေ့ရမည်။ သို့မ ဟုတ် ရယ်စရာ ကောင်းသောဇာတ်ကောင်နှင့်လည်း ရင်
ဆိုင်ရမည်။ ၄င်းတို့က သင့်ဝိညာဉ်အတွက် ဆေးကောင်းတစ်လက် ဖြစ်လာနိုင်သည်။ စာဖတ်ခြင်းနှင့် သင့်လုပ်
ငန်းခွင်ကိုလည်း ကူညီပေသည်။ သင်နှစ်ပေါင်း ၂၀လောက်တိုင်အောင် လုပ်ငန်း ခွင်တွင် ရှာမတွေ့ခဲ့သော
အထူးသတင်းရပ်များနှင့် ဖြေရှင်းနိုင်သော အချက်အလက်များကို စာအုပ်ထဲမှ တွေ့လာနိုင်သည်။

စာကြည့်တိုက်ကောင်းတစ်ခုသည် အိမ်တက္ကသိုလ်တစ်ကျောင်းပင်ဖြစ်သည်။ အီဗရာဟင်လင်ကွန်း ၏ တစ်သက်
တာ ကျောင်းသက်တမ်းသည် ၁၂လထက် မပိုပေ။ သို့သော် သူသည် စာဖတ်ဝါသနာကြီးသူဖြစ်သည်။ သူ့ရှေ့
တွင် တွေ့သမျှ စာအုပ်တိုင်းကို ဖတ်၍ ဖတ်သမျှကို မှတ်ထားနိုင်သူဖြစ်သည်။ သမိုင်း၊ ဥပဒေ၊ စိတ်ကူးယဉ်ဝတ္ထု၊
ကဗျာ၊ အမျိုးစုံပင် ဖြစ် သည်။ သူသည် ဗဟုသုတ အကြွယ်ဝဆုံးသမ္မတဖြစ်ရုံမျှသာမက စကားပြိုင်၍ ပြောနိုင်
သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။

စာအုပ်များ၏ ပေါင်းဖော်မှုမှ ကျွန်ုပ်တို့သည် နေ့စဉ် ဘ၀အတွက်များစွာသော တန်ဖိုးမဖြတ်နိုင်သည့် စိတ်ဝင်စား
ဖွယ် အချက်များ ရနိုင်သည်။ စာအုပ်တစ်အုပ်တွင်းမှ စာမျက်နှာတစ်ခု၊ စာပိုဒ် တစ်ပိုဒ်သည် လူတစ်ယောက်အဖို့
သူ ယခင်တစ် ကြိမ်မျှ မမြင်ဖူးသေးသော အမှန်တရားအတွက် သူ့မျက်စေ့ကို ဖွင့်ပေးနိုင်သည်။ သူ့အတွက် သစ်
လွင်သော သတ္တိတစ်မျိုးကို ရလာနိုင်သည်။ တစ်ကိုယ်တည်း အထီးကျန်ရှိသောအခါ၊ စိတ်ဓာတ်သတ္တိနည်းသော
အခါ၊ စိတ်ပျက်အားလျော့နေသောအခါ၊ အားသစ်အင်သစ်ကို စာအုပ်က ပေးပေလိမ့်မည်။

သင့်တွင် စာဖတ်အကျင့်ရှိစေချင်သည်။ လူများစွာတို့၌ မရှိကြပေ။ စာဖတ်တတ်ရန် သင်ပေးလိုက်သော ကျောင်း
မှ ထွက်လာပြီးနောက်ပိုင်းတွင် သူတို့သည် သတင်းစာခေါင်းကြီးပိုင်းမှလွဲ၍ မဖတ်သူ အတော်များသည်။ ယင်း
ကား အလွန်အ ဖိုးတန်သော အခွင့်အရေးများကို လစ်လျူရှုရာ ရောက်ပေသည်။

အာနိုးဘက်နက် က သူ၏ စာပေအရသာ ဟူသော စာအုပ်တွင် စာပေ၏ လစ်လပ်မှုကို မျက်မှောက်မပြုတတ်သူ
သည် မွေးဖွားကတည်းက နိုးထမလာသောသူပင် ဖြစ်၏။ သူသည် မွေးဖွားလာသူဟုပင် မခေါ်ထိုက်ပေ။

သူသည် မမြင်နိုင်၊ မ ကြားနိုင်၊ ပြည့်ဝသော အသိဖြင့် မခံစားနိုင်ပေ။ လူသာဖြစ်၍ အသက်ရှိနေသော်လည်း
ဝက်အရှင်တစ်ကောင်ထက် ဘာမျှ ပိုမို မထူးခြားချေဟု ရေးထားသည်။

ကျွန်ုပ် အကြံပေးလိုသည်မှာ သင့်ဘာသာသင် စာကြည့်တိုက် သို့မဟုတ် စာအုပ်အငှားဆိုင်သို့သွား၍ သင်စိတ်
ဝင် စားမည့် သို့မဟုတ် သင်မကြာခဏ ကြားဖူသည့် သင့်ကို ဆွဲဆောင်ချက်ရှိမည့် စာအုပ်ကိုသာ ဆွဲယူဖတ်ရှု
ရန်ဖြစ်သည်။ ထို နေရာမှ စတင်ပါ။ မည်သည့်စာ ဖြစ်စေကာမူ ကိစ္စမရှိပါ။ သင့်အား မည်သည့်စာဖတ်ရမည်ဟု
ကျွန်ုပ်မညွှန်ကြားလိုပါ။ သင့် ဘာသာသင်ရှာပါ။ ရွေးချယ်ပါ။ သင်ရွေးချယ်သော စာအုပ်သည် တုန်လှုပ်ချောက်
ချားဖွယ် သို့မဟုတ် မှုခင်းနှင့် လျှို့ ၀ှက် သည်းဖို သို့မဟုတ် အချစ်နှင့် ခရီးသွားစာပေ ဖြစ်ကောင်းဖြစ်မည်။

ယင်းသည် သင် စတင်ရန် ခြေလှမ်းသာဖြစ်သဖြင့် ကိစ္စ မရှိ သေးပါ။
အကယ်၍ ဤစာအုပ်ကို သင်ကြိုက်နှစ်သက်ပါက သင့်တွင် အခွင့်အရေးများ ရှိလာပေတော့မည်။

ထိုလမ်းကြောင်း အတိုင်း သင်ဖတ်လိုသည့် ဆန္ဒအတိုင်း ဖတ်ရန် စာအုပ်များစွာ ရှိလာပေလိမ့်မည်။

ဤနည်းသည် သင်လုပ်ထိုက်သောနည်းဖြစ်သည်။ တစ်ခါတစ်ရံ စာရေးဆရာတစ်ဦးကြောင့် ဘ၀အတွက် စိတ်
ဝင် စားဆုံးအဖြစ် လှုပ်နှိုးခြင်းခံလိုက်ရကာ စာဖတ်ဝါသနာပါသွားစေနိုင်သည်မျိုးလည်း ရှိတတ်သည်။ ယင်းသည်
သင်၏ စာအရ သာခံမှု တိုးတက်လာခြင်းပင်ဖြစ်ပြီး နောက်တွင် သင်သည် တစ်မျိုးထဲမှ တိုးချဲ့ လာပေလိမ့်မည်။
သင်အပြောင်းအလဲ ပြုလို သောဆန္ဒဖြစ်ပေါ်လာပေမည်။

ဤအချက်သည် စာဖတ်သမား၏ တိုးတက်လမ်းတွင် ဒုတိယခြေလှမ်းဖြစ်သည်။ ထိုအခါ သင်ဖတ်ခဲ့ဖူးသည့် ဖတ်
နေ ကျ အမျိုးအစားမှ ကွဲလွဲသော အခြားအမျိုးအစားကို ရွေးချယ်ဖတ်ရှုရန်ပင် ဖြစ်သည်။

လိုင်းသစ်တစ်ခုပြောင်းရန်ဖြစ်သည်။ နယ်သစ်တစ်ခု အခြေချရန် ဖြစ်သည်။ အကယ်၍ သင်သည် စိတ်ကူးယဉ်
အချစ်ဝတ္ထုများကို ကြိုက်နှစ်သက်သည်ဆိုပါက စိတ်ကူးယဉ် မဟုတ်သော စာအုပ်မျိုးကို စာအုပ်စင်၌ ကြိုးစား၍
ရှာဖွေကြည့်ပါ၊ နာမည်ကျော် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ကြိုးစားဖတ်ရှုကြည့်ပါ။ အကယ်၍ ထိုစာရေးဆရာ၏
ရေးဟန်သည် သင့်အားစွဲဆောင်ချက် မရှိဟုဆိုလျှင် သို့မဟုတ် သင့် အတွက် အလွန်ဖတ်ရ ခက်ခဲသော စာအုပ်
ဖြစ်နေသည်ဆိုလျှင် စာအုပ်ကို ပြန်ချထားလိုက်ပါ။ နောက်တစ်ကြိမ်မှ ထပ်ဖတ်ရန် ကြိုးစားပါ။
ဂျီကေချက်စတန် က စာအုပ်များသည် ကျွန်ုပ်ဖတ်စက ကျွန်ုပ်အတွက် ကမောက်ကမနိုင်လှသည်။

သူ့အဓိပ္ပာယ်များ သည် ကျွန်ုပ်အတွက် နားမလည်နိုင်။ ထိုစဉ်က ကျွန်ုပ်သည် အသက်ငယ်သေးသည်။

နောင်နှစ်ပေါင်း အနည်းငယ်ကြာ၍ ကျွန်ုပ်စာဖတ်နယ် ကျယ်လာသောအခါ ထိုစာမျက်နှာများသည် ကျွန်ုပ်အ
တွက် အလွန်စူးရှထက်မြက်သော အတွေးအခေါ် များကိုပေးသည့် စာကြောင်းများဖြစ်ကြောင်း တွေ့ရသည်။
ကျွန်ုပ်အတွက် အတွေးအခေါ်သစ် များစွာရသည်ဟု ရေးဖူးသည်။ ဂန္တ၀င်မြောက် စာပေများသည် သင့်အတွက်
အလွန်မြင့်လွန်းသည်ဟု ပြောရန်မလိုပါ။ ထိုစာအုပ်သည် ခက်သည်၊ ငြီးငွေ့ဖွယ် ကောင်းသည်၊ သို့သော် ဤစာ
အုပ်၌ အလွန်အဖိုးတန်သော အချက်များရှိ၍သာ ဤမျှသက်တမ်းကြာရှည်စွာ ထင်ပေါ်နေခြင်း ဖြစ်မည်ဟု မှတ်
ယူပါ။

ရှိတ်စပီးယား သို့မဟုတ် ဘားနဒ်ရှော ၏ ပြဇာတ်တစ်ပုဒ်ကို ဖြစ်စေ၊ ဒစ်ကင်း၊ သက်ကရေး၊ ဂေါလ်စ်ဝါသီ၊ ၀ဲ၊ ဘဲ
နက် စသော စိတ်ကူးယဉ်အချစ်ဝတ္ထုများထဲမှ တစ်ပုဒ်ကိုဖြစ်စေ၊ သို့မဟုတ် ၀ဲ၏ ကမ္ဘာ့သမိုင်းအကျဉ်းချုပ်ကို
ဖြစ်စေ ကြေညက် အောင် လေ့လာမည်ဆိုပါက ၄င်းသည် ဒုတိယအတန်းအစား စာအုပ်များနှင့် စာကြည့်တိုက်
တစ်တိုက်လုံးမှ စာများကို ဖတ် ခြင်းထက် သင့်စိတ်ဓာတ်ကို ပို၍လျင်မြန်ကျယ်ပြန့်စွာ တိုးတက်စေလိမ့်မည်။

သင်သည် စာဖတ်ခြင်းများလာသောအခါ ဖတ်ပျော်သော စာအုပ်များဟူသော စာအုပ်စာရင်းမျိုး၊ စာဖတ်သူ၏
ဝေဖန် ချက် ဆောင်းပါးမျိုးကို ဖတ်ရှုလေ့လာခြင်းဖြင့် မည်သည့်စာအုပ်မျိုး ဖတ်သင့်ကြောင်း စာအုပ်ကောင်းများ
ကို တွေ့လာပါလိမ့် မည်။


စာဖတ်သူကို အကြံပေးလိုသည်မှာ လွတ်ကွက်မရှိအောင် ဖတ်ရန်ပင်ဖြစ်သည်။ စာအုပ်စင်တစ်မျိုးမှ အခြားတစ်
မျိုး သို့ အပြောင်းအလွဲဖတ်ရန် ဖြစ်သည်။ ဤနည်းသည် အကျိုးများသည်။ ဤသို့ဖတ်ခြင်းဖြင့် အချိန်ဖြုန်းရာ မ
ရောက်ပေ။ စာ အုပ်တိုင်းသည် သင့်အသိဥာဏ်ကို တစ်နည်းမဟုတ် တစ်နည်း ကျယ်ပြန့်စေပေလိမ့်မည်။ ချဲ့
ထွင်ပေလိမ့်မည်။ အတွင်းစိတ် အတွင်းအားကို ပိုပြီး လေးနက်စေပေလိမ့်မည်။ စိတ်ဓာတ်အင်အားနှင့် ၀ိညာဉ်
အင်အားကို တိုင်းတာနိုင်စွမ်း မရှိလောက် အောင်ပင် ပြည့်ဝအောင် ဖြည့်ပေးလိမ့်မည်။

သင်သည် မည်သည့်စာဖတ်သူမျိုးဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သိရန်အရေးကြီးသည်။ စာဖတ်ရာတွင် အာရုံစူး
စိုက်မှု မရှိခြင်းသည် အကျိုးမများလှပေ။ အချိန်မှန်စွာ ပြင်းပြင်းထန်ထန် ဖတ်ရှုခြင်းသည် သင့်စာဖတ်အရှိန်ကို
တိုးတက်စေလိမ့် မည်။

စာဖတ်စတွင် ကိုယ်ပိုင်စာဖတ်နှုန်းအတိုင်း ဖတ်ပါ၊ မလောပါနှင့်။ အချို့ သူတို့သည် စာတစ်မျက်နှာ အခန်းတစ်
ခန်းကို လျင်မြန်စွာ ချုံး၍ ဖတ်သွားသည်။ ထို့နောက်မှ လိုအပ်ပါက နှေးကွေးစွာ ပြန်ဖတ်သည်။ ဤနည်းသည်
အလွန်ကောင်းသည်။

သင့်စိတ်ကို ကင်မရာတစ်ခုကဲ့သို့ သဘောထားပါ။ သင့်မျက်လုံးသည် အသေးစိတ် အချက်အလက်များ၊ ရုပ်ပုံ
များ၊ အတွေးအမြင်များကို သင်ဖတ်နေသော စာအုပ်ထဲမှ ရိုက်ယူနေသည့် မှန်ဘီလူးပင်ဖြစ်သည်။

သင်ဆုပ်ယူရရှိနိုင်သော အချက် အလက်များသည် သင့်စိတ်အာရုံက စူးစိုက်သည့်အချက်ပေါ်တွင်သာ မူတည်
သည်။ ထို့ကြောင့် အာရုံစူးစိုက်ပါ။ နာရီဝက်မျှ အချိန်ပေးနိုင်သည် ဆိုပါစို့၊ ထိုအချိန်လေးတွင်ပင် သင့်အာရုံတစ်
ခုလုံး သွင်းထားခြင်းဖြင့် သတ်ဖတ်နေသော အချက်များ သည် ပို၍ သိသာထင်ရှားလာမည်။ ရှင်းလင်းလာမည်။
သင့်စိတ်ထဲတွင် ပို၍ မှတ်မိနေပေလိမ့်မည်။

စာဖတ်ရာတွင် မိမိက အရေးကြီးဟု ထင်သမျှကို မျဉ်းသားခြင်းသည် အစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ မျဉ်း
တားခြင်းကြောင့် ထိုစာမျက်နှာ အတွေးရုပ်ပုံသည် သင့်ဦးနှောက်ထဲသို့ ခိုင်မာစွာ ၀င်ရောက်လာသလို သင်ဖတ်
သည့် အချက် ကိုလည်း စိတ်ဓာတ်အပြည့် စူးစိုက်အောင် လုပ်ရာရောက်သည်။ ဤနည်းဖြင့် စာဖတ်ခြင်းသည်
ပို၍နက်ရှိုင်းသဖြင့် အကျိုးအ မြတ်ရဖို့ သေချာပါသည်။ စာဖတ်ရာတွင် ပို၍ အဓိကထားရမည့်အချက်မှာ စာအုပ်
များသည် အသက်ရှိသောလူက ရေးထား သဖြင့် အသက်ရှိသော အရာပင်ဖြစ်သည်။ သင်သည် သူတို့၏ အတွေး
များကို ဝေမျှခံစားသည်။ ထို့နောက် သူတို့၏ အတွေး များကို သင်ကလိုက်တွေးသည်။

အချစ်ဝတ္ထု အတ္ထုပ္ပတ္တိ သို့မဟုတ် ပြဇာတ်တစ်ခုခုတွင် စာရေးဆရာသည် ဘ၀ကို သူမြင်စေချင်သည့်အတိုင်း
သင့် အားလည်း ကြည့်နေခိုင်းသည်။ တစ်နည်းအားဖြင့် ဆိုသော် သင်သည် လူတို့အား သူတို့၏ ပြဿနာများ၊
အခက်အခဲများ၊ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များအားဖြင့် လူသား၏ အတွေ့အကြုံနှင့် ဘ၀ကို လေ့လာနေခြင်း
ဖြစ်သည်။

တစ်နည်းအားဖြင့် သင်သည် ယောက်ျားများ၊ မိန်းမများ၏ မျှော်လင့်ချက်များ၊ စိတ်ကူးယဉ်ချက်များ၊ သူတို့၏
ကြောက်ရွံ့ ချက်များ၊ မျှော်မှန်းချက်အသေးအဖွဲများ၊ သူတို့၏ စွဲဆောင်မှုများ၊ ရှုံးနိမ့်မှုများ၊ အတွေးအမြင်များ၊
ဝါဒရေးရာများ၊ ယုံကြည်ချက်နှင့် သတ္တိများကို စာဖတ်ခြင်းအားဖြင့် လေ့လာနေခြင်းပင် ဖြစ်သည်။ သင်သည်
သင့်ဘ၀အတွက် မည်သည့်စာ မျိုး ဖတ်နေသည်ကို ပြန်တွေးကြည့်ပါ။ ထိုစာအုပ်က သင့်ဘ၀အကြောင်း၊
အခြားပုဂ္ဂိုလ်များအကြောင်း မည်မျှသင်ကြားလိုက် သည်ကိုလည်း တွေးကြည့်ပါ။

သင်သည် ဧကရာဇ်၊ သူရဲကောင်း စစ်ဗိုလ်ချုပ်ကြီး ဂျူလီယက်ဆီဇာ ၏ ဘ၀စာအုပ်ကို ဖတ်ဖြစ်သည် ဆိုပါစို့၊
ဂျူးလီ ယက်ဆီဇာ၏ အာဏာသည် ဟစ်တလာ၊ စတာလင် သို့မဟုတ် သင့်လက်ရှိ နိုင်ငံရေးခေါင်းဆောင်၏
အာဏာနှင့် နှိုင်းယှဉ် တွေးကြည့်ပါ။ အကယ်၍ သင်သည် ရှိတ်စပီးယား သို့မဟုတ် အာသာမေလာ ၏ ပြဇာတ်
တစ်ပုဒ်ကို ဖတ်ရသည် ဆိုပါစို့။ ထို စာအုပ်ထဲမှ ဇာတ်ကောင်များ၏ ပုံဖော်ကျူးချက်သည် သင့်အသိများထဲမှ
တစ်စုံတစ်ဦးကို ပို၍နားလည်သဘောပေါက်စေရန် မည်ကဲ့သို့ ကူညီထောက်ပံ့မှုပြုကြောင်း တွေးကြည့်ပါ။
စာအုပ်များကို သင်ဖတ်ပြီးတိုင်း ယင်းတို့သည် သင့်လက်ရှိဘ၀၌ မည်မျှအဓိပ္ပာယ်သက်ရောက်ကြောင်းကို
လည်း ပြန် မေးပါ။
စာအုပ်များကို သင့်မိတ်ဆွေများဖြစ်အောင် ပြုလုပ်ပါ။ ၄င်းတို့က သင့်အား သင်ကြားပါစေ။ ထိုအခါ သင် မသိ
မတတ် ဖူးသေးသော အချက်များစွာကို သင့်အသိတရားအလျောက် နားလည်ခြင်း၊ သဘောတရားကို သင်ကိုယ်
တိုင်အတွက်သော် လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ပို၍ တတ်သိလာပါလိမ့်မည်။

သင်သည် ပျင်းရိငြီးငွေ့ဖွယ်ကောင်း သော နာရီပေါင်းများစွာကို လတ်ဆတ်လန်းဆန်းသွားအောင် ပြုလုပ်လာ
နိုင်လိမ့်မည်။ ၄င်းပြင် နေ့စဉ် ဘ၀၏ နေထိုင်ရေးကို လည်း တွေးလာပါလိမ့်မည်။ သင့်ဘ၀ကို အကျိုးပေးကောင်း
အောင် သင်ဖန်တီးရာ ရောက်ပါလိမ့်မည်။

-- 



ဘာကြောင့်စာဖတ်သင့်သလဲ


စာဖတ်ခြင်းသည် လူအတွက် လွန်စွာ အရေးကြီး၏။ကိုယ်ခန္ဓာအတွက် လိုအပ်သောအစားကိုစားရသလို စိတ်အတွက်လည်း လိုအပ်သောစာကိုဖတ်ရလေသည်။

ယခုခေတ်သည် အရင်ခေတ်နှင့်မတူ အလွန်ယှဉ်ပြိုင်သောခေတ်ဖြစ်သည်။ကြီးပွားရေး၊စီးပွားရေး၊လူမှုရေး ထိုအကြောင်းများနှင့်ဆိုင်သော စာများကိုမဖတ်ပါက သိသင့်သလောက်မသိသဖြင့်ခေတ်နောက်ကျ နေတတ်ကြလေသည်။

စာဖတ်ခြင်းသည် အသိညဏ်ကိုတိုးပွားစေ၍ မှားသောအယူအဆများကို ပျောက်စေသည်။ကမ္ဘာကျော် ပုဂ္ဂိုလ်များဖြစ်ကြသော အက်ဒီဆင်၊ သမ္မတလင်ကွန်းး စသည်ပုဂ္ဂိုလ်ကျော်များသည် စာအရမ်းဖတ်သူများဖြစ်ကြသည်။

လူတို့သည် လက်တွေ့အနေဖြင့် မည်သည့်အလုပ်၊မည်သည့်အကြောင်းအရာတို့ကို ကုန်စင်အောင်မသိနိုင်၊နှစ်ပေါင်းများစွာရရှိခဲ့သော လူပေါင်းများစွာတို့၏ အသိပညာ၊ဗဟုသုတများကို စုစည်းထားသော စာအုပ်များကို ဖတ်မှသာလုံလောက်သော အသိညဏ်ကိုရနိုင်ပေသည်။

စာအုပ်တစ်အုပ်ကိုဖတ်တော့မည်ဆိုလျှင် ဒီစာအုပ်ကိုရေးတဲ့သူနာမည်နဲ့ ငါ့ကိုလုံလောက်သောအသိပညာ၊ဗဟုသုတပေးနိုင်လားဟူသောမေးခွန်းတို့ဖြင့် စာအုပ်ကိုရွေးချယ်ဖတ်ရပေမည်။

စာမဖတ်သူသည် ကြီးပွားတိုးတက်ရေးလမ်း၌ အခက်အခဲတွေနဲ့ကြုံတွေ့ပြီး ဆက်မသွားနိုင်ပဲဖြစ်တတ်သည်။စာဖတ်သူမှာကား လမ်းခရီး၌ အခက်အခဲတို့နှင့်ကြုံတွေ့စေကာမူ ကျော်ဖြတ်သွားနိုင်သည်။

စာဖတ်ခြင်းကြောင့် တိုးတက်ကြီးပွားလာသူတို့၏ စာရင်းကို ပြုစုရမည်ဆိုရင် အလွန်များပြားလှသည်။ကျွန်မတို့ မြန်မာလူမျိုးများအနေဖြင့် စာဖတ်ခြင်းအလုပ်ကို မိမိနှင့်မဆိုင်ဟု သဘောမထားပဲမိမိတို့လူမျိုး၊ မိမိတို့ဘ၀၊ မိမိတို့စာပေ၊ မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် စာဖတ်သင့်ပါသည်။



မှတ်ချက်။ ။တတ်သလောက်မှတ်သလောက် ရေးထားခြင်းဖြစ်ပါသည်။

အမှားများပါရှိပါက တောင်းပန်ပါသည်။


rs
အတွေးမှတ်စုများ (၂၇)
Posted by SLIP in စာပေလေ့လာဆည်းပူးခြင်း, အတွေးမှတ်စုများ


  1. စာအုပ်ကို မီးရှို့ခြင်းထက် ပိုဆိုးတဲ့ အပြစ်က စာမဖတ်ခြင်းပဲ။There are worse crimes than burning books. One of them is not reading them.― Joseph Brodsky


  2. ယဉ်ကျေးမှု့တခုကို ဖျက်ဆီးချင်ရင် စာအုပ်တွေကို မီးရှို့ဖို့မလိုဘူး။ လူတွေကို စာမဖတ်ချင်အောင်ပဲ လုပ်လိုက်။You don't have to burn books to destroy a culture. Just get people to stop reading them. ― Ray Bradbury


  3. ဘယ်လောက်အလုပ်များပါစေ စာဖတ်ဖို့ အချိန်ပေးပါ။ ဒါမှမဟုတ်ရင်တော့ ဗဟုသုတ ဆင်းရဲမှုကြောင့် သင် ကျဆုံးသွားလိမ့်မည်။No matter how busy you may think you are, you must find time for reading, or surrender yourself to self-chosen ignorance.”― Confucius


  4. ဒီနေ့စာဖတ်သမား၊ မနက်ဖြန်ခေါင်းဆောင်။Today a reader, tomorrow a leader. ― Margaret Fuller


  5. နောက်ဆုံးစာမျက်နှာကို လှန်လိုက်လို့ စာအုပ်ကောင်းတအုပ်ကို ဖတ်ပြီးသွားပြီလို့ သိလိုက်ချိန်မှာ သူငယ်ချင်းတစ်ယောာက် ဆုံးရှုံးသွား သလိုမျိုး သင် ခံစားမိလိမ့်မယ်။You know you've read a good book when you turn the last page and feel a little as if you have lost a friend.― Paul Sweeney


  6. ကလေးတစ်ယောက်လို ကိုယ့်ပျော်ရွှင်မှု့အတွက် (သို့) အောင်မြင်ကျော်ကြားလိုမှု့အတွက် (သို့) အမိန့်ပေး ညွှန်ကြားဖို့အတွက် စာ မဖတ်ပါနှင့်။ အသက်ရှင်နေထိုင်ဖို့အတွက် စာဖတ်ပါ။Do not read, as children do, to amuse yourself, or like the ambitious, for the purpose of instruction. No, read in order to live.― Gustave Flaubert


  7. ကျွန်ုပ်တို့ အထီးကျန်မဖြစ်နေဘူးဆိုတာ သိဖို့ ကျွန်ုပ်တို့ စာတွေဖတ်နေကြတယ်..။We read to know that we are not alone. ― C.S. Lewis


  8. လူအချို့က ရုပ်မြင်သံကြားကလာတဲ့ ပညာရပ်တွေကိုသာ ကြည့်နေတတ်ကြတယ်။ ကျွန်ုပ် ကတော့ တခြားအခန်းကိုသွားပြီး စာတစ်အုပ် ဖတ်လိမ့်မယ်။I find television very educating. Every time somebody turns on the set, I go into the other room and read a book. ― Groucho Marx


  9. စာများများ ဖတ်လျှင် များများ ပိုသိလာမည်။ များများလေ့လာဖို့အတွက် နေရာများများ သွားဖြစ်လာမည်။The more that you read, the more things you will know. The more that you learn, the more places you'll go. ― Dr. Seuss, I Can Read With My Eyes Shut!


  10. မင်းဟာ ငါ့အတွက် လက်ဖက်ရည် ကြီးကြီးတခွက် (သို့မဟုတ်) မဆုံးနိုင်ရှည်လျားတဲ့ စာအုပ်တအုပ် တော့ ဘယ်တော့ ရှာပေးနိုင်မှာ မဟုတ်ဘူး။You can never get a cup of tea large enough or a book long enough to suit me. ― C.S. Lewis


  11. "ဂန္တဝင်စာပေ" ဆိုသည်မှာ လူတွေရဲ့ချီးမွမ်းခြင်းအကြောင်းတွေ လို့ သတ်မှတ်ကာ သာခံရပြီး မဖတ်ကြသည့် စာအုပ်မျိုးကို ခေါ်သည်။'Classic' - a book which people praise and don't read.― Mark Twain


  12. စာရေးသူကိုယ်တိုင် ငိုပြီး မရေးလျှင် စာဖတ်သူလဲ ငိုမှာ မဟုတ်ပါ ။ စာရေးသူကိုယ်တိုင် မအံ့သြရင် စာဖတ်သူအတွက်လည်း အံ့သြောစရာ မဟုတ်နိုင်။No tears in the writer, no tears in the reader. No surprise in the writer, no surprise in the reader. ― Robert Frost


  13. စာအုပ်များသည် လေယဉ်ပျံ (သို့) မီးရထား (သို့) လမ်း နှင့်တူသည်။ သူတို့သည် ရွှေ့လျှားနေကြသည်၊ ခရီးသွားနေကြသည်။ သို့သော် အိမ်ထဲတွင် အားလုံးရှိသည်။Books are the plane, and the train, and the road. They are the destination, and the journey. They are home. ― Anna Quindlen, How Reading Changed My Life


  14. စာကြည့်တိုက်ကောင်းတခုဆိုတာ ဘယ်တော့မှ သပ်ရပ်မနေသလို ဖုံလည်း ထူမနေဘူး။ အဘယ့်ကြောင့်ဆိုသော် စင်ပေါ်က စာအုပ်တွေကို ယူပြီး ညဥ့်နက်ထိ စာဖတ်တဲ့သူ တယောက်ယောက် အမြဲရှိနေတတ်လို့ပဲ။A good library will never be too neat, or too dusty, because somebody will always be in it, taking books off the shelves and staying up late reading them. ― Lemony Snicket, Horseradish: Bitter Truths You Can't Avoid


  15. စာဖတ်ဖို့အချိန် မရှိဘူး၊ စာရေးဖို့ အချိန်မရှိဘူးလို့ သင့်ကိုယ်သင့် ထင်နေသမျှ သင်ဟာ သာမန်လူသာတစ်ယောက်သာ ဖြစ်နေအုံးမှာပဲ။If you don't have time to read, you don't have the time (or the tools) to write. Simple as that. ― Stephen King

No comments:

Post a Comment