Monday, March 19, 2012

ခန္ဒာကိုယ်ကို သဘာဝအလှတရားလေးတွေသုံးပြီး လှပစေချင်တဲ့ သူတွေ အတွက်ပါ။



အိန္ဒိယက ဆံပင်အလှနဲ့ ကျော်ကြားပါတယ်။ သူတို့ဆံပင်ဟာ မဲနက်တောက်ပြောင်ပြီးသန်စွမ်းတာကိုး။
 ဂျပန်မလေးတွေက အရမ်းအသားအရေလှတယ်နော်။ 
ဘရာဇီးတွေမှာတော့ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ရှိတယ်။ 
ဒါတွေက မျိုးရိုးလိုက်တာ ဟုတ်ဘူးနော်။
နိုင်ငံတိုင်းမှာ အလှအပအတွက် သူတို့ဓလေ့နဲ့ သူတို့ရှိတယ်လေ။
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဲဒီဓလေ့ကြောင့်ပဲ သူတို့အားလုံးလှနေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ သူတို့ရဲ့ထင်ရှားတဲ့အလှတရားတွေအတွက် ဘယ်လိုဓလေ့တွေရှိလဲဆိုတာကို ရင်းနှီး သလောက်ပြောပြမယ်နော်။

Italy 
အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကိုကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။

Greece 
ဂရိတွေရဲ့ အသားတွေနူးညံ့နေတာက သူတို့ခန္ဓာကိုယ်ကို Baby Oil အမြဲလိမ်းလို့ပါတဲ့။

Poland 
ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလိုနှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။

India 
အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင်ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

Egypt 
အီဂျစ်တွေရဲ့သွားတွေက ဖြူဖြူဖွေးဖွေးနဲ့ လှတယ်လေ။ ဘာလို့လဲဆိုတော့အီဂျစ်တွေက သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကိုရောပြီးတိုက်လို့ပါတဲ့။ အဲ့အရောကို သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီးသွားတိုက်နိုင်ပါတယ်။ ၁မိနစ်လောက်ထားပြီးရင် ပလုတ်ကျင်းပေးရုံပါပဲ။

Australia
သြစတြေးလျတွေဟာ သူတို့ခြေထောက်က အသားမာတွေပျောက်ကင်းအောင်ထောပတ်သီးအခွံနဲ့ သေချာပွတ်တိုက်ကြသတဲ့။

Spain 
စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီးမျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀ မိနစ်လောက်ကပ်လိုက်တာနဲ့မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။

Jamaica 
ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ်။

Japan 
ဂျပန်မလေးတွေ အသားအရေလှတာကတော့ တကယ်မနာလိုစရာပဲနော်။ သူတို့ကရေညှိရဲ့အစွမ်းကြောင့် လှနေတာပါ။ မျက်နှာသန့်စင်ဆေးတွေ Toner တွေကိုလည်းရေညှိက ထုတ်လုပ်တာကိုပဲ သုံးစွဲကြတယ်။ မျက်နှာပေါင်းတင်တာ၊အဆီပိုတွေကိုဖယ်ရှားတာ အားလုံးကို ရေညှိက ထုတ်ထားတယ်။ ပြီးတော့ဆံပင်သန်အောင်ဆိုပြီး ရေညှိကို စားကြသေးသတဲ့။ ဘက်စုံအသုံးဝင်တဲ့ရေညှိပါပဲ။

Scotland 
အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာအသားအရေ ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကိုလိမ်းကြပါတယ်။

Taiwan
ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါပဲ။ သူတို့ဟာ နေလောင်တာကို အေးမြစေဖို့လည်းရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။

Turkey 
တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကိုချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီးပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။Franceပြင်သစ်တွေရဲ့  သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီး သွားပိုးမစားအောင်ကာကွယ်ပေးလို့ပါ

Sweden 
ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကိုတခြားအသီးအနှံတွေအသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။

Brazil
ကမ္ဘာ့အလှဆုံးမှာပါတဲ့ ဘရာဇီးသူတွေဟာ ကမ်းခြေသွားတဲ့အခါသဲတွေလက်တစ်ဆုပ်စာအပြည့်နဲ့ သူတို့ခန္ဓာကိုယ်ကိုပွတ်တိုက်ကြပါတယ်။ ဒီနည်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလိုသွေးလှည့်ပတ်မှုကိုလည်းကောင်းစေလို့ သူတို့အသားအရေဟာ ကျစ်လစ်လှပနေတာပေါ့။ကဲ … ဒီလောက်ဆိုရင် ကျွန်တော့ရဲ့သူငယ်ချင်းတွေ တော်တော်ဗဟုသုတရသွားလောက်ပြီ။ အတုယူလို့ရတဲ့နည်းလေးတွေကို အတုယူ အသုံးချပြီးနိုင်ငံပေါင်းစုံရဲ့ကိုယ်ပိုင်အလှလေးတွေကိုပါ ပိုင်ဆိုင်ပြီးမြန်မာတွေလည်း ကမ္ဘာ့အလှဆုံးတွေဖြစ်လာနိုင်တာပဲနော်။

No comments:

Post a Comment