Monday, March 19, 2012

မှတပါး အခြား မရှိပါ


အရှေ့ နဲ့အနောက်၊ တောင်နဲ့ မြောက် ၊အမှား နဲ့ အမှန် ၊သိခြင်းနဲ့ မသိခြင်း၊ ဖြစ် ခြင်းနဲ့ ပျက်ခြင်း စသဖြင့်

အကောင်း နဲ့  အဆိုး ဒွန်တွဲ နေတဲ့  လောက ကြီး မှာ...

တို့ တတွေ ဘာကြောင့် စိုးရိမ်ပူဆွေးဝမ်နည်း ကြေကွဲ ငိုကြွေး နေရတာလဲ နော်

တကယ်တော့လေ.....ဒါတွေဟာ..လောကဓံ ပေပဲမဟုတ်လား

လူဖြစ်လာကတည်းကိုက... ဒီလောကဓံကို ရင်ဆိုင်ဖို့ ပဲလေနော်...

ဟုတ်တာပေါ့..................မှတပါး..................အခြားမရှိတော့ပြီလေ........

ရှင်ခြင်းသည်.......သေခြင်းမှတပါး............အခြားမရှိပါ............

မွေးဖွါးခြင်းသည်.....သေဆုံးခြင်းမှတပါး..........။........

ချမ်းသာခြင်းသည်..........ဆင်းရဲခြင်းမှတပါး.......။........

နီးခြင်းသည်...........ဝေးခြင်းမှတပါး..............။...........

ပျော်ရွှင်ခြင်း............၀မ်းနည်းခြင်းမှတပါး........။...............

ရီခြင်းသည်.............ငိုခြင်းမှတပါး..................။..........

စိတ်ကောင်းခြင်းသည်.......စိတ်ဆိုးခြင်းမှတပါး..........။.......

ခံစားခြင်းသည်................မေ့ဖျောက်ခြင်းမှတပါး.........။........

ခွင့်လွှတ်ခြင်းသည်............သည်းခံခြင်းမှတပါး...........။........

ဂရုစိုက်ခြင်းသည်.............လစ်လျူရှုခြင်းမှတပါး.......။.......

ကျန်းမာခြင်းသည်...............ဖျားနာခြင်းမှတပါး.........။........


ပျိုရွယ်ခြင်းသည်.................အိုမင်းခြင်းမှတပါး...........။......


ဖြစ်ခြင်းသည်........................ပျက်ခြင်းမှတပါး...........။.............


နှုတ်ဆက်ခြင်းသည်................ခွဲခွါခြင်းမှတပါး..........။.............


ကြည်နူးခြင်းသည်................ကြွေကွဲခြင်းမှတပါး........။..............


ကျေနပ်ခြင်းသည်.................နေတတ်ခြင်းမှတပါး.....။......


ချစ်ခြင်းသည်......................မုန်းခြင်းမှတပါး..........အခြားမရှိပါလေ............။


ထို သို့ ဆိုလျှင်..ဖြစ်ပြီး ခဲ့ တဲ့ ... အတိတ် အကြောင်းအရာတွေ ..မဖြစ် နိုင်သေးတဲ့  အနာဂတ် အကျိုးတရားတွေအတွက်.. ..စိတ်အားငယ် စိုးရိမ်..သိမ်ငယ်...စိတ်ဓါတ်ကျ နေမယ့် အစား..

အကြောင်းအကျိုး မှတပါး တခြား မရှိနိုင်ပါလားလို့ .......တွေးတောဆင်ခြင် ကြံဆ ဝေဖန်ပိုင်းခြားရင်း ဖြင့် ...

လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံး ကြိုး စားနေထိုင်ပြီး. စိတ်ဓါတ်ကျမှု စိတ်ပျက် ကျမှုတွေ ပြေလျော့ စေကာ....

မိမိတို့ ရဲ့ ဘ၀တွေ ဒီထက်မက တိုးတတ်မြင့်မားဖို့ ရာ

စိတ်ဓါတ်ကြံ့ ခိုင်စွာ...အားတင်းပြီး..လျှောက်လှမ်းကြရအောင်နော်...

No comments:

Post a Comment