ကောင်မလေးတွေမသိဘူးကောင်လေးတွေ ဘာကြောင့်ကောင်မလေးတွေဆီက ချစ်အဖြေကို မျှော်လင့်တကြီးစောင့်စားခဲ့တယ်ဆိုတာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေ ဟာအမြင်ပိုင်းအရ မာကျော ကြမ်းတမ်းပေမယ့် နူးညံ့တဲ့ နှလုံးသားလေးတွေ ပိုင်ဆိုင်ကြတယ်ဆိုတာ …ကောင်မလေးတွေမသိဘူးဘာလို.ကောင်လေးတွေ သူတို.ကောင်မလေးတွေ စိတ်ကောက်တဲ့အခါ မနေနိုင်၊ မထိုင်နိုင်၊ လိုက်ချော့ ပြီး စိတ်ဆိုးပြေသွားတဲ့ကောင်မလေးမျက်နှာကို တွေ.ရမှ အမောပြေသွားတယ်ဆို တာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ သူတို.ကောင်မလေးတွေအကြောင်းကို မပါမဖြစ်ပြောတတ်တယ်ဆိုတာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေက တကယ်ချစ်မိပြီဆိုရင် သူချစ်တဲ့ကောင်မလေးအတွက် ဘာဘဲလုပ်ရလုပ်ရလုပ်ပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေက သူတို.ချစ်တဲ့ကောင်မလေးတွေဆီက အချစ်ကိုရဖို.ဆိုရင် မာနတွေခဝါချပြီး ဒူးထောက်အညံ့ခံဖို. ဝန်မလေးဘူးဆိုတာ …ကောင်မလေးတွေမသိဘူးလိုင်းကားတိုးစီးရင် ကိုယ့်ကောင်မလေးကို လူတိုးမခံရအောင် လို့ကောင်လေးတွေကနာကျင်မှုကို ဟန်ဆောင်ပြုံးရင်း ကာကွယ်ပေးတတ်တာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေ ဘယ်လောက်အလုပ်များများ သူတို.ကောင်မလေးတွေကို အချိန်တိုင်းသတိရနေတယ်ဆိုတာ …ကောင်မလေးတွေမသိဘူးအချိန်တိုင်း လွမ်းနေတတ်တယ်ဆိုတာ …ကောင်မလေးတွေမသိဘူးသူတို.ကောင်မလေးတွေက သူတို.အတွက်အလှဆုံးနတ်သမီးတစ်ပါးလို. အမြဲတမ်းယုံကြည်ထားတယ်ဆိုတာ…ကောင်မလေးတွေမသိဘူးကောင်လေးတွေ အိပ်ခါနီးအချိန်မှာ သူတို.ကောင်မလေးတွေ အကြောင်းစဉ်းစားပြီးမှ အိပ်လို.ပျော်တယ်ဆိုတာ … အိမ်မက်ထဲအထိလဲ သူတို.ကောင်မလေးတွေကို အပါခေါ်သွားတတ်တယ်ဆိုတာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေက သူတို.ကောင်မလေးတွေကို ဘာကြောင့်နမ်းတယ်ဆိုတာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေက အငတ်ခံပြီးရတဲ့မုန်.ဖိုးတွေကို ကောင်မလေးတွေအတွက် လက်ဆောင်တွေ၊ ပန်းစည်းတွေ ဝယ်ပေးရတယ်ဆို တာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေက သူတို.ဘဝမှာ ကောင်မလေးတွေရဲ.အချစ်ဦးဖြစ်ခွင့်မရရင်တောင်မှ ကောင်မလေးတွေရဲ့ နောက်ဆုံးအချစ်ဖြစ်ချင်တဲ့ စိတ်ထားလေးတွေရှိတယ်ဆိုတာ …ကောင်မလေးတွေမသိဘူးကောင်လေးတွေက စိတ်ကူးဆန်းဆန်းလေးတွေနဲ. သူတို့ကောင်မလေးတွေကို ပျော်ရွင်ကြည်နူးစေချင်ကြတယ်ဆိုတာ …ဥပမာ ။ ။ ကောင်မလေးကိုသူကိုယ်တိုင်လုပ်ထားတဲ့သီချင်းခွေတစ်ခွေပေးတာမျိုးပေါ့  …ကောင်မလေးတွေမသိဘူးကောင်မလေးတွေက ကောင်လေးတွေကိုထားခဲ့ပြီး နောက်ထပ်အသစ်တစ်ယောက်ကိုချစ်သွားတဲ့အခါ မျက်ရည်တွေနဲ.အရက်ဆိုင်မှာတစ်ခြားအရက်သမားကြီးတွေကိုကြေကြေကွဲကွဲရင်ဖွင့်ရင်းကိုယ့်ကိုထားခဲ့တဲ့ချစ်သူကောင်မလေးကိုတမ်းတရင်းဘဝပျက်သွားတာမျိုးတွေရှိတယ်ဆိုတာ ….ကောင်မလေးတွေမသိဘူးကောင်လေးတွေဟာ သူတို.ကောင်မလေးတွေကို အရမ်းချစ်လေ့ရှိတယ်ဆိုတာ …ကောင်မလေးတွေမသိဘူးတကယ်တော့ ကောင်လေးတွေဟာ စွန်.လွှတ်မှုကို အခြေခံတဲ့အချစ်မျိုး ကို ပိုင်ဆိုင်ထားကြတာပါ …
ကောင်လေးတွေမသိဘူးကောင်လေးတွေကို တစ်သတ်သတ်ကြိုက်မီ ပြီးကောင်လေးမသိတဲ့အခါမှာ ကောင်မလေးရင်ထဲမှာ ဘယ်လိုခံစားရလဲဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေ ဘယ်လောက်မုန်းတယ်ပြောပြော သူ.ကောင်လေးကိုအမြဲချစ်တယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်လေးနဲ.သဘောထားကွဲလွဲတဲ့အခါ မိန်းကလေးပီပီစိတ်ဆိုးနေပေမဲ့ စိတ်ထဲမှာဘယ်လိုခံစားနေရတယ်ဆိုတာ… ပြီးတော့မှစိတ်ဆိုးတဲ့ပုံမပြဘဲ လာချော့တဲ့ကောင်လေးကို ကောင်မလေး ဘယ်လောက်တောင်းတနေလဲဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေစုမိပြီဆိုရင် သူတို.ရဲ.ကောင်လေးတွေအကြောင်း ဂုဏ်ယူစွာပြောတတ်တယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေ တကယ်ချစ်မိပြီဆိုရင် ဘယ်လိုအတားအဆီးကိုမဆိုရင်ဆိုင်ရဲတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေ သူတို.ချစ်တဲ့ကောင်လေးဆီကနေ အပြုံးလေးတစ်ခုရဖို. ဘယ်လောက်အထိကြိုးစားခဲ့လဲဆိုတာ …ကောင်လေးတွေမသိဘူးဘယ်ဘဲသွားသွား သူ.ကောင်လေးအမြဲအနားမှာရှိစေချင်တယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေ အလုပ်ဘယ်လောက်များများ သူ.ကောင်လေးကို စိတ်ထဲမှာအမြဲရှိနေတယ် ဆိုတာ …ကောင်လေးတွေမသိဘူးအချိန်တိုင်း တွေ.ချင်နေတယ်ဆိုတာ …ကောင်လေးတွေမသိဘူးသူ.ကောင်လေး ဘယ်လိုဖြစ်နေဖြစ်နေ ကောင်မလေးဟာ ကောင်လေးအတွက် အမြဲဂုဏ်ယူနေတယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေဟာ သူ.ကောင်လေးအကြောင်းကို စဉ်းစားရင်း မိုးလင်းသွားတယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေ သူ.ကောင်လေးဆီက အနမ်းလေးအပွင့်ကို ဘယ်လောက်လိုချင်နေလဲဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေ ကောင်လေးအတွက် အလုပ်လုပ်ပြီးပိုက်ဆံရှာကာ သူ.ကောင်လေး လိုချင်တာကို ဝယ်ပေးတယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေဟာ သူချစ်တဲ့ကောင်လေးဆီကနေ လက်ထပ်ခွင့်တောင်းတာကို မျှော်လင့်နေတယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေက သူတို.ကိုယ်တိုင်လုပ်ထားတဲ့အရာတစ်ခုကို ကောင်လေးအတွက်ပေးချင်တယ်ဆိုတာ …ဥပမာ ။ ။ ကိတ်မုန်.တစ်လုံးဖုတ်ပေးချင်တာမျိုးပေါ့ …ကောင်လေးတွေမသိဘူးကောင်လေး နောက်တစ်ယောက်နဲ.တွဲနေတာကိုသိရက်နဲ. ကောင်လေးကိုအပြစ်မတင်ဘဲ ကောင်လေးတွဲတဲ့ နောက်ကောင်မလေးကို အမှုန်.ဖြစ်အောင်လုပ်ချင်နေတယ်ဆိုတာ …ကောင်လေးတွေမသိဘူးမလုပ်သင့်မှန်းလဲ သိလျက်နဲ.သွားပြီးတော့ နောက်ကောင်မလေးကို ပြဿနာသွားရှာတာ …ကောင်လေးတွေမသိဘူးနောက်ဆုံးမှာ ကောင်မလေးဟာ သူ.ကောင်လေးကြောင့် ကိုယ့်ကိုကို သတ်သေသွားတတ်တယ်ဆိုတာ …ကောင်လေးတွေမသိဘူးကောင်မလေးတွေက ကောင်လေးတွေ သူတို.ကိုချစ်တာထက် အများကြီးပိုချစ်တယ်ဆိုတာ …ကောင်လေးတွေမသိဘူးတကယ်တော့ ကောင်မလေးတွေဟာ ပေးဆပ်မှုကို အခြေခံတဲ့အချစ်မျိုး ကိုပိုင်ဆိုင်ထားကြတာပါ
No comments:
Post a Comment