Monday, March 19, 2012

ဗုဒ္ဓဘာသာ ( ၅ ) မျိုး



လူမျိုးတစ်မျိုးတွင် မိမိ တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကိုးကွယ်ယုံကြည်မှုဘာသာ အယူအဆများကိုသက်ဝင်ယုံကြည်မှု

အားနည်းခြင်း၊ စာပေကိုအထင်သေးခြင်း၊သိပ္ပံပညာကိုအထင်သေးခြင်း၊ သဘာဝတရားကိုလစ်လျုထားခြင်း၊အနုပညာကို

အထင်သေးခြင်း။မေတ္တာ ဂရုဏာကိုတန်ဘိုးမထားခြင်း၊ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက် လိုက်နေရင် အဲဒီ လူမျိုးဟာ

ေ၇ရှည်မတည်တံ့နိုင်ပါ ။ ပညာသင်ခြင်း၏ ရည်ရွယ်ချက်သည် အလုပ်အကိုင်ရာထူးရဖို့ ထက် တရားမှုနှင့်မတရားမှုတို့ကို

ခွဲခြားတတ်နိုင်ရန်လိုအပ်ပါသည် ။ ဒီအပိုင်းမှာ ဗုဒ္ဓဘာသာဝင်များအကြောင်းကိုကျွန်တော် ဖတ်မိ မှတ်မိသမျှတင်ပြပါမည်

ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ မှားတာရှိရင်လည်းခွင့်လွှတ် ထောက်ပြနိုင်ကြပါသည်..။

ဗုဒ္ဓ ဆိုတာ - မြန်မာလိုတော့ = သိသောသူ လို့ဆိုပါတယ်

အဲဒီတော့ ဗုဒ္ဓ ဘာကိုသိသလဲဆိုတော့ ဗုဒ္ဓသိတာ လူတိုင်းသိတဲ့ အသိနဲ့မတူပါဘူး..

ဗုဒ္ဓသိတာက အမှန်တရား (၄)ပါးကိုနက်နက်နဲနဲ ဝေခွဲပြီး သိတော်မူတာပါ၊

(၁) ဆင်းရဲခြင်း (အမှန်တရားကို သိတော်မူတယ်)

(၂) ဆင်းရဲကြောင်း (အမှန်တရားကို သိတော်မူတယ်)

(၃) ဆင်းရဲငြိမ်းရာ (အမှန်တရားကို သိတော်မူတယ်)

(၄) ဆင်းရဲငြိမ်းရာသို့ရောက်ကြောင်း (အမှန်တရားကို သိတော်မူတယ်)

ဒီအမှန်တရား(၄)ပါးကို ပိုင်းခြား ထိုးထွင်းပြီး သိတော်မူတဲ့အတွက် ဗုဒ္ဓလို့ခေါ်ကြပါတယ်။

ယခုကိုးကွယ်နေသော ဂေါတမဗုဒ္ဓဘုရားရှင် သည်.....

ဗုဒ္ဓသည် အမျိုးအားဖြင့် = မင်းမျိုး

ဇာတ်အားဖြင့် = သာကီဝင်

အနွယ်အားဖြင့် = ဂေါတမ

လူအမည်အားဖြင့် = သိဒ္ဓတ္တ

ဗုဒ္ဓ၏ ဘွဲတော်က အနွယ်ကို အစွဲပြုပြီး ဂေါတမ လို့အမည်တွင်၏ ။

ကျွန်တော်တို့ ဗုဒ္ဓဆိုတာသိပြီးဖြစ်လို့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး သက်ဝင်ယုံကြည်ကြတဲ့ ဘာသာဝင် ...

ဗုဒ္ဓဘာသာဝင် များကိုလေ့လာကြည့်သောအခါ (၅)မျိုးတွေ့နေရပါသည်

(၁) ကုလဗုဒ္ဓဘာသာဝင် = ဆိုသည်မှာ အဆွေအမျိုးကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာဖြစ်ခြင်း (ရိုးရာဗုဒ္ဓဘာသာ)

ဖြစ်ခြင်းပါ၊ အမေ အဖေက ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်းကြောင့် သား သမီးက ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းပါ။

ဗုဒ္ဓဘာသာဆိုတာ ဘာပြောမှန်းမသိ ဘုရားဂုဏ်တော် ဘယ်လောက်ရှိမှန်းမသိ သံဃာဂုဏ်တော် ဘယ်လောက်

ရှိမှန်းမသိ မိမိကိုးကွယ်တဲ့ မြတ်စွာဘုရားက ဘာကိုသိပြီး ပွင့်လို့ပွင့်မှန်းမသိ ဘုရား၏ အယူဝါဒသည်လည်းဘာမှန်းမသိ

ဖြစ်နေကြတတ်ပါသည်။

ကုလဗုဒ္ဓဘာသာဝင်တွေရဲ့ စရိုက်က လက်အုပ်တော့ချီတတ်ကြပါတယ်...လက်အုပ်ချီတတ်ရုံနှင့် ဗုဒ္ဓဘာသာဝင်

ဖြစ်ကြပြီလား....? မိမိတည်ဆောက်သောသီလကို ဘာပြောရမှန်းမသိ လုံခြုံအောင်လည်းမစောင့်ထိန်းနိုင်ကြသူများ

ဗုဒ္ဓဘာသာတရားများကိုလည်း သေချာမသိဘူးဆိုရင် အဲ့ဒါ ကုလဗုဒ္ဓဘာသာဝင်ဖြစ်နေပါမယ်။

(၂) ဘယဗုဒ္ဓဘာသာဝင် = ဆိုသည်မှာ ဘေးအန္တာရာယ်ကိုကြောက်၍ကိုးကွယ်ရသောဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်၊

ဘုရားရှင်သည် ဖြစ်လာသမျှ အကျိုးတရားတို့သည် ပြုလုပ်ခဲ့သော အကြောင်းတရား ကြောင့်သာဖြစ်တယ်လို့ ဟော

ကြားတော်မူခဲ့ပါသည်၊ မိမိလုပ်ဆောင်နေသော ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ကောင်းမှုအစုစုတို့သည်သာ ဒုက္ခခပ်

သိမ်းကင်းငြိမ်းရာ အမှန်နိဗာန်ကိုသာရည်စူးထားရပါမယ် ဆုတောင်းတိုင်းပြည့်မည်မဟုတ်ပါ၊မိမိပြုလူပ်သော

ကောင်းမှု မကောင်းမှုသည်သာမိမိအတွက် ကောင်းကျိုး မကောင်းကျိုး ကိုပေးနေတာ ပြပါတယ်။

ဘုရားဟောတဲ့ပဋ္ဌာန်းတရား(၂၄)ပစ္စည်းကိုစည်းချတယ်ဆိုပြီး ရွတ်ဖတ်တာရှိတတ်ကြပါတယ်၊စဉ်းစားကြည့်ရင် ဘုရား

၏တရားတော်များကို အစောင့်ချသလိုဖြစ်နေပါတယ် မလုပ်သင့်ပါ။

(၃) လာဘဗုဒ္ဓဘာသာဝင် = ဆိုသည်မှာ ဗုဒ္ဓဘုရားရှင်ကို အမှန်တကယ့် ကြည်ညို့ စိတ်ကြောင့်မဟုတ်ဘဲ မိမိအ

လုပ်အဆင်ပြေအောင်၊လာဒ်လာဘများရအောင်ဘုရားရှင်ကိုသာ ကိုးကွယ်မှုသာမက ဘိုးတော် မယ်တော် ဓါတ်တွေ

နတ်တွေကိုပါကိုးကွယ်နေတတ်ကြပါတယ်၊ ဥုံ-သြောင်း တွေ ထည့်ရွတ်ကာ ဘုရားရှိခိုးနေတတ်ကြပါတယ်၊

သတ္တါတွေ သံသရာဝဋ်ဆင်းရဲဘေး၊ ကိလေသာဘေး၊ အပယ်ဘေး တို့မှ လွတ်မြောက်အောင် သစ္စာတရားများ

ဟောကြားခဲ့သော ဘုရားရှင်ကိုလာဘ်လာဘ ပေါများအောင်အတွက် ကိုးကွယ်နေသူများကို လာဘဗုဒ္ဓဘာသာ

ဝင်များဟုခေါ်ပါတယ်။ ဘုရားရှင်က အို၊နာ၊သေ၊ ဆင်းရဲဘေးအပေါင်းမှလွတ်မြောက်အောင် တရားဟောခဲ့တာပါ

လဘ်များအောင်ကယ်တင်မှာလည်းမဟုတ်ပါ၊ ထိုအကြောင်းကိုမသိဘဲ ဘုရားကိုယတြာခြေတာတွေ , မိမိအကျိုးကို

လိုလားပြီး ဘုရားကို လျှုတာမျိုးတွေလည်း လာဘဗုဒ္ဓဘာသာတွေလုပ်တတ်ကြပါသေးတယ်၊

ဥပမာ - ကြာကြာစံရအောင်ဆိုပြီး ကြာဇံ လျှုကြပါတယ် ၊

အကြံအစည်ကောင်းအောင် ကြံ လျုပါတယ် ၊

ထောအောင်ဆိုပြီး ထောပတ်သီး လျှုကြပါသေးတယ် ၊ လာဘ်လာဘ လိုချင်တက်မက်နေသော

လာဘဗုဒ္ဓဘာသာများမှာ အခြားသော ကိုးကွယ်မှုတွေလည်းများစွာလုပ်တတ်ကြပါသေးတယ် ။

(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာဝင် = ဆိုသည်မှာ သဒ္ဓါတရားကို အရင်းခံပြီး ဘုရား ၊တရား၊ သံဃာ၊ ရတနာမြတ်

သုံးပါးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ် ၊ ကိုးကွယ်ရာမှာသဒ္ဓါတရားနှင့်ပညာဥာဏ် အတွဲညီရပါတယ်

သဒ္ဓါတရားလွန်ကဲ ပညာနည်းက အလွဲယုံကြည်မှုဖြစ်တတ်ပါတယ်၊

ဘုရားကိုးဆူ ပူဇော်တာတွေရှိပါတယ်၊ ဘုရားကိုပူဇော်တာဖြစ်လို့ ကုသိုလ်တော့ရပါတယ် သို့ပေမဲ့ မသန့်ရှင်းပါဘူး

ဘုရားကိုးဆူပူဇော်တာဟာ ထေရဝါဒမှကျင့်စဉ် တစ်ရပ်လည်းမဟုတ်ပါဘူး ၊ ဘုရားကိုဘဲ သန့်သန့်ရှင်းရှင်း ပူဇော်

လိုက်ပါ ၊ ဘုရားကိုးဆူ ဘယ်ကစသလဲဆိုတော့..... ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီး

ကိုးပါးကလုပ်ထားတာဆိုပြီး နတ်မင်းကြီးကိုးပါး ကိုပူဇော်ဖို့အတွက် " ဗလိနတ်စာ " ပူဇော်ပွဲဆိုပြီး သတ္တဝါကိုးကောင်

ကိုးမျိုးနဲ့ပူဖော်ကြတာပါဘဲ ၊ ဘုရားကိုးဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်,ဘေးမှာ ရဟန္တာအရှင်မြတ်များ

ထပ်ပြီးတော့ ဝန်ရံတာက နတ်မင်းကြီးကိုးပါး ထပ်ပြီးတော့ပါသေးတယ် သူတို့ရဲ့ ကိုယ်သားလှယ်တော်များဖြစ်တဲ့

တိရစ္ဆာန်ကိုးကောင်ပါ ပါသေးတယ် ၊ မြတ်စွာဘုရားရှင်ကို စင်တစ်ခုတည်းမှာေ၇ာနှောပြီး ကိုးကွယ်တာ မဖြစ်သင့်

ပါဘူး... ထို့ကြောင့် မိမိတို့ရှိနှင့်ထားသော သဒ္ဓါတရားကို ပညာဥာဏ်နှင့် အတွဲညီစွာ ကိုးကွယ်အားထုတ်နုင်ကြ

မှသာလျှင် ဗုဒ္ဓဘာသာ ဖြစ်ရကျိုးနပ်ကြပါလိမ့်မည် ။

(၅) ပညာဓိက ဗုဒ္ဓဘာသာဝင် = ဆိုသည်မှာ ပညာဥာဏ်နျင့် ယှဉ်တွဲ ကာ ကိုးကွယ်သော ဗုဒ္ဓဘာသာ

ဖြစ်ပါတယ် ၊ ဘုရားရှင်သည် ဥာဏ်ပညာက အဓိကထား၍ပါရမီ ကျင့်ခဲ့သောကြောင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း

ပါရမီဖြည့်ကျင့်ခဲ့ရပါတယ် ၊ ပညာ ဆိုသည်မှာ မိမိပြုလုပ်လိုက်သော အလုပ်တစ်ခုသည် မှား-မှန် ခွဲခြားကာ အမှန်ကို

လုပ်နိုင်စွမ်းသော ဥာဏ် ဟုဆိုရပေမည် ၊ ဥာဏ်ကိုခွဲခြားလိုက်မည်ဆိုပါက သာသနာတွင်းဥာဏ် နှင့် သာသနာပဥာဏ်

ဟူ၍ခွဲခြားသိရပါမည်

သာသနာပဥာဏ် ဆိုသည်မှာ ကမ္မသကတဥာဏ် ( ကံနှင့် ကံ ၏ အကျိုးပေးကိုယုံကြည်သောဥာဏ် )

သာသနာတွင်းဥာဏ် ဆိုသည်မှာ သစ္စာနုလောကမိကဥာဏ် ( သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်သောဥာဏ်)

တို့ဖြစ်ပါတယ် ၊

သာသနာဆိုသည်မှာဘုရားရှင်ကခန္ဓာဥာဏ်ေ၇ာက်ကြဖို့ ၊ နိဗ္ဗာန်ရောက်နိုင်ကြဖို့ ၊ သစ္စာသိဖို့ ၊ယဉ်ကျေးကြဖို့ လိမ္မာကြဖို

ဆုံးမဟောကြားခဲ့တဲ့ အဆုံးအမတရားဟူသမျှကိုခေါ်ပါတယ် ၊ ဘုရားရှင်၏ အဆုံးအမတွေကို ရင်ထဲမှာကိန်းအောင်းပြီး

လောကဓံတရားတွေနဲ့ ကြုံလာတဲ့ အချိန်မှာ ဆင်ခြင်နိုင်အောင် ကြိုးစားတယ် ၊သိအောင်ကြိုးစားတယ် သိပြီးရင်လည်း

လက်တွေ့ ကျင့်သုံးနေသောသူသည် သာသနာတွင်း တရားကိန်းတယ်လို့ပြောရပါမယ်၊ အတိတ်တုန်းက မိမိက ဘာမှ

မသိဘဲပြုလုပ်ခဲ့ကြလို့ သံသရာလည်နေရတာပါ၊ မသိတာက (အဝိဇ္ဇာ) , မသိတော့ ဘုံ , ဘဝတွေလိုချင်ပြီး ဆုတောင်း

ခဲ့တာက (တဏှာ) ၊ ငါအလျှု , ငါလုပ်တာလို့စွဲတာက (ဒိဋ္ဌိ) ဒါတွေကြောင့် လက်ရှိ ခန္ဓာကြီးရနေရတာပါ။

အများအားဖြင့် သိနေတာက သူများအသက်သတ်မှ ၊ သူတစ်ပါးပစ္စည်းခိုးမှ ၊ သူတစ်ပါး သားမယားကိုပြစ်မှားမှ၊

လိမ်ညာနေမှ ၊ မူးရစ်နေမှ အကုသိုလ်သိနေကြပါတယ် ။ ဒါတွေက အကြမ်စား ပကုသိုလ်တွေပါ ၊

ဘုရားရှေ့  မှာ အဝိဇ္ဇာ ၊တဏှာ ၊ ဒိဠိတွေနဲ့ ဘုံဘဝတွေ ၊ လိုချင်တာတောင်းနေတာကို အကုသိုလ်လို့ မသိကြဘူး

ဒါမျိုးတွေကတော့ နူးညံ့ တဲ့ အကုသိုလ်တွေဖြစ်ပါတယ် ၊

ထို့ကြောင့် မိမိတို့ရဲ့ ကောင်းမွန်သော သဒ္ဓါတရား သီလစောင့်ထိန်းနိုင်မှု ဥာဏ်ပညာတို့ကို ကောင်းစွာ အသုံးချ၍

သံသရာမှလွတ်ကြောင်းတရားများကိုသိရှိ ကျင့်ကြံနိုင်မှသာ ပညာဓိကဗုဒ္ဓဘာသာဝင်ဖြစ်ပေလိမ့်မည် ။။။

ကိုးကားချက်..........။ ဗုဒ္ဓဘာသာဆိုဒ်များမှ ဆရာတော်များေ၇းသားချက်များ ။ သူတော်စင်များရေးသားချက်

များကို ဖတ်မိ မှတ်မိသမျှများကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။။


ဘုရားရှင်တော် မပွင့်ပေါ်လျှင်

လူတော်အများ စိတ်ကောင်းထားလည်း

ထိုကားကုသိုလ် အကုသိုလ်နှင့်

ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ ။။ (ဆရာတော် ရဝေထွန်း) ။။။။

No comments:

Post a Comment