Monday, March 19, 2012

ဒီနေ့အတွက် ကျမ်းစာ (မာဃလုလင်)


ဒီနေ့အတွက် ကျမ်းစာ ( 1)
တချို့တွေက ပညာရှိယောင်ဆောင်တယ်
တချို့တွေက ပညာမဲ့ယောင်ဆောင်တယ်
တချို့တွေက အကုန်သိချင်ယောင်ဆောင်တယ်
တချို့တွေက ဘမှမသိချင်ယောင်ဆောင်တယ်
သေချာတာကတော့
အားလုံးဟာ အနည်းငယ်စီတော့
အယောင်ဆောင်နေကြရတယ် . . .

ဘယ်သူ့မှာ ဘာရှိသလဲ
ကိုယ့်မှာရော ဘယ်ရှိသလဲ
အဖြေက ရိုးရှင်းပေမယ့်
တခါတလေ ကိုယ့်မှာ ဘာရှိမှန်းမသိပေမယ့်
သူ့မှာ ဘာရှိမှန်း ကိုယ်သိတယ် . . .

မလိမ်ချင်ပါဘူး
မလိမ်တတ်ပါဘူးလို့ ဖွင့်ဟပြောတတ်သူတွေကိုရှောင်ပါ မိတ်ဆွေ
သူတို့ ဟာ တကယ်မလိမ်တတ်တာမဟုတ်ပါပဲ
သူတို့ ဟာ မလိမ်တတ်ချင်ယောင်ဆောင်တာများတယ်
ဘယ်သူသိနိုင်ပါ့မလဲ . . .

ရိုးရိုးရှင်းရှင်းနေထိုင်ပါတဲ့
ဒါပေမယ့် ဒါပေမယ့်လည်း
ရှုပ်ရှုပ်ထွေးထွေးနေထိုင်ဖို့က လွယ်ကူတယ်
ရိုးရိုးရှင်းရှင်းနေထိုင်ဖို့ က ခက်ခဲတယ်
ဘယ်သူမှ စိတ်ရှုတ်ထွေးမခံနိုင်တာသေချာပေမယ့်
တချို့ လူတွေက စိတ်ရှုပ်ရတာကိုမှ အရသာတွေ့တယ် . . .

လူမိုက်တွေက
ငြိမ်းချမ်းရေးတေးကိုဆိုကြတဲ့အခါ
လူလိမ်မာတွေက
စစ်ချီတေးကို ရွတ်ကြရတယ်
ဆန့်ကျင်ဘက်ဆိုတာ
တခါတလေတော့လည်း
ပြောင်းပြန်ဖြစ်တတ်ပါရဲ့ . . . 

ဒီနေ့အတွက် ကျမ်းစာ ( 2 )
လူပိန်းမှာ ဦးနှောက်မရှိဘူုး ဘယ်သူပြောလဲသူမှာ ထုတ်မသုံးရသေးတဲ့ ဦးနှောက်အသစ်စက်စက် တလုံးရှိတယ်တကယ်တော့ သူဟာထုတ်မသုံးတာမဟုတ်ရပါဘူးသုံးစွဲနည်းလမ်းညွန်ကို မဖတ်မိတာ . . . ဂျို မပါတဲ့ အတွက်အပင်ပန်းခံပြီး လူသား အမျိုးအစားခွဲခြားမနေတော့ပါဘူး ပုံပြင်တပုဒ်ထဲကလိုအရမ်းဖြူစင်အေးမြတဲ့ ရသေ့နဲ့ပူလောင်ကြမ်းကြုတ်တဲ့ မုဆိုးတယောက်ထဲ ဖြစ်နေသလိုမျိုးဆိုတော့ . . . လူသားတစ်ယောက်ရဲ့ တန်ဖိုးကိုမပိုင်းဖြတ်ချင်ပါနဲ့စိန်ကောင်းကျောက်ကောင်းမဟုတ်ဘူးမလားတန်ဖိုးရှိတာ မရှိတာ မပြင်ပန်းကြည့်ရုံနဲ့ မမြင်သာပါဘူး . . .

ဘယ်လိုပဲပြောပြောလူကောင်းဟာ လူကောင်းဖြစ်ပြီးလူဆိုးဟာ လူကောင်းပဲ ဖြစ်တယ်နားရှုပ်သွားလားကောင်းတယ်မကောင်းဘူးဆိုတာ သေရေး ရှင်ရေးရောက်ရင် မြင်သာ ထင်သာ ရှိပါတယ် . . .

အားလုံးမှာအသိုင်း အ၀ိုင်းရှိတယ်သူသာတယ်သူမြင့်မြတ်တယ် မတွေးပါနဲ့ အသိုင်း အ၀ိုင်းဆိုတာကတော့ မိတ်ဆွေ ရဲ့ လက်ရှိအနေအထားမှာပဲမူတည်ပါရဲ့ -- 


ဒီနေ့အတွက် ကျမ်းစာ ( 3 )


မျှော်လင့်စရာ ရှိတယ်အခါ မျှော်လင့်ပါမျှော်လင့်ချက်မဲ့တဲ့ အခါ မဲ့လိုက်ပါ လောကမှာ  ထာဝစဉ်ကံကောင်းရတာဘယ်သူမှ မရှိနိုင်ပါ . . .

မျှော်လင့်ချက် ဘယ်လောက်ထားထားဆုံးရှုံးသွားရတဲ့အခါဘာမှ မကျန်တော့ပါဘူးမျှော်လင့်ချက် မရှိပေမယ့်လက်ခံရရှိလာတဲ့အခါပိုင်ဆိုင်လာပါတယ်အဖြေဟာ မျှော်လင့်ချက်နဲ့မဆိုင်ပါဘူးအဖြေဟာ စိတ်ထားနဲ့ပဲ ဆိုင်တယ် . . .

ပေးတဲ့အခါ ပေးပါ ယူတဲ့အခါ ယူပါ အပေးအယူမမျှတ တဲ့အခါအပေး ဖြစ်ဖြစ် အယူ ဖြစ်ဖြစ်ဘေး ဖြစ်လာမှာပါ . . .

ဒီနေ့ နာရမှာက မျှော်လင့်ချက်ဆိုတဲ့ တရားပါကဗျာဆရာ ဟာ မျှော်လင့်ချက်ဆိုတဲ့အရာကြောင့်နာဖျားနေတဲ့အခါ . . .


No comments:

Post a Comment