Monday, March 19, 2012

အစာစားပြီးတိုင်း သွားတိုက်တာ ကောင်းသလား

သင့်ရဲ့ရည်မှန်းချက်က သင့်သွား တွေမှာ ကပ်ငြိနေသော အရာရာ အားလုံး (ကြွေသွားလွှာ Enamel အပါအဝင်) ကိုပါ သန့်ရှင်း စင်ကြယ်စေလိုတယ်ဆိုရင်ဖြင့် အစာစားပြီးတိုင်း သွားတိုက်တာဟာ ကောင်းတဲ့အကျင့်လို့ ဆိုရမှာဖြစ်ပါတယ်။ သို့သော် အားလုံးသိတဲ့အတိုင်း များစွာသော အစားအစာနှင့် ဖျော်ရည်များဟာ အက်စစ်ဓာတ်ရှိသောအရာများဖြစ်ပါတယ်။ အကယ်၍ စားပြီးပြီးချင်း သွား ပွတ်တံနဲ့ တိုက်ချလိုက်ခြင်းမလုပ်ခဲ့ ရင် ゞင်းတို့မှာ ပြဿနာမပေးပါ။ ဒီထက်ရှင်းအောင်ပြောရရင် သင် အစာစားပြီးတိုင်း အဲဒီအစာထဲမှာပါတဲ့ အက်စစ်က ကြွေသွားလွှာကို ယာယီ ပျော့ပျောင်းသွားစေပါတယ်။ အဲဒီ အချိန်ကာလအတွင်း သွားပွတ်တံနဲ့ ပွတ်ချလိုက်ခြင်းဖြင့် ပွန်းပဲ့ပျက်စီးစေပါတယ်။ ဒါကြောင့် သင့်သွားတွေ ပျက်စီးသွားခြင်းမရှိအောင် အစာစားပြီး သို့မဟုတ် ဖျော်ရည်တစ်ခုခု သောက်ပြီးနောက် နာရီဝက်ခြားပြီးမှ သွားတိုက်သင့်ပါတယ်။ အဲသလောက် အချိန်ပေးခြင်းက သင့်တံတွေးများထဲက အက်စစ်ဓာတ်ကို ပြယ်သွားစေပါတယ်။ တကယ်လို့ အစာစားပြီးတိုင်း သင့်ရဲ့ခံတွင်းကို သန့်ရှင်းစေချင်တယ် ဆိုရင်တော့ သွားပွတ်ကြိုးနှင့် ထိုးပေး နိုင်ပါတယ်။

No comments:

Post a Comment