Monday, March 19, 2012

ဖောက်ပြန်တဲ့ယောက်ကျား နှင့် သ၀န်တိုတဲ့မိန်းမ


ဖောက်ပြန်တဲ့ယောက်ကျား နှင့် သ၀န်တိုတဲ့မိန်းမ

အချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာအိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်

သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ(၂)ချောင်းဖြစ်နေရမယ့်အစား... (၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့သေချင်းဆိုးကြီးဖောက်ပြန်တဲ့ယောက်ကျားသစ္စာမရှိတဲ့အကောင်.........................................စတဲ့အတွေးတွေနဲ့အတူအနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီးစောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရောစိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...ဟေး...မိန်းမ...ပြန်လာပြီလားကွမင်းမိဘတွေ..ငါတို့ဆီကိုလာလည်တယ်ကွ...အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...သွားနှုတ်ဆက်လိုက်ပါအုံး......

--ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ....။“ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက်အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြစို့ လေး...” .တဲ့။

No comments:

Post a Comment